ROCKLINE အမေရိကားမှ ခါးပတ်ကြိုးသန့်ရှင်းရေးကိရိယာ
 

 Rockline EZS2
ကွန်ဗေယာခါးပတ်ကြိုးကို စောင့်ရှောက်ထိန်းသိမ်းပေး၍ ခါးပတ်ကြိုးသက်တမ်းကို ရှည်စေသည်။ ဝီလီယမ်အုပ်စုမှနေ၍ အမေရိကားမှ တင်သွင်းသော ROCKLINE မိုဒယ် EZS2 ခါးပတ်ကြိုးသန့်ရှင်းရေးကိရိယာ၏ သန့်ရှင်းရေးဒလက်ပြားသည် တန်စတင်ကာဘိုက်သတ္တုစပ်ဖြင့်ပြုလုပ်ထားသဖြင့် ကြံ့ခိုင်တာရှည်ခံ၍ ဝယ်ယူသုံးစွဲရကျိုး နပ်စေသည်။ FLEXCO ကော်နှင့် ကလစ်ဖြင့်ဆက်သွယ်ထားသော ခါးပတ်ကြိုးစနစ်များနှင့် အသုံးပြုနိုင်၍၊ တပ်ဆင်ရ လွယ်ကူလျင်မြန်သည်။ လိုအပ်သည့် အရွယ်အစားအလိုက် ရွေးချယ်စရာ 30 "၊ 36"၊ 42"၊ 48" အစရှိသည်ဖြင့် ရှိသည်။

 Rockline EZP1
အလွန့် အလွန် ပြင်းထန်ကြမ်းတမ်းသည့်အလုပ်များအတွက်မူ သန့်ရှင်းမှုစွမ်းရည် 2 ဆတိုးရရှိစေရန်အတွက် ROCKLINE မိုဒယ် EZP1 နှင့်တွဲဖက်သုံးစွဲရန် အကြုံပြုပါသည်။ EZP1 သည် ROCKLINE ၏သီးသန့်မူပိုင်ခွင့်ဖြစ်၍၊ EZP1 ကို ကွန်ဗေယာဝင်ရိုး၌ တပ်ဆင်ရုံဖြင့် အထူးပုံစံထုတ်ထားသည့် သန့်စင်ဒလက်ပြား(FACET PROFILE) မှ သင်၏ခါးပတ်ကြိုးကို စတင်သန့်ရှင်းပေး၍ သုံးစွဲမှုသက်တမ်းတစ်လျှောက်လုံး ပစ္စည်းအသစ်ကဲ့သို့ သန့်စင်ထိန်းသိမ်းပေးပါမည်။ ROCKLINE သည် အမေရိကားမှ အရည်အသွေးမြင့် ခါးပတ်ကြိုးဆက်ကလစ်ထုတ်လုပ်သူဖြစ်သော၊ ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုခံရသည့် ISO 9000 စံသတ်မှတ်ချက်ရရှိထားသော FLEXCO ပိုင် ထုတ်ကုန်ပစ္စည်း ဖြစ်ပါသည်။
 
 
Copyright 2006 William Co.,Ltd. All right reserved

ပင်မစာမျက်နှာ | ကျွန်ုပ်တို့အကြောင်း | ဝီယမ်မှထုတ်လုပ်သည့်ကုန်ပစ္စည်းများ | နိုင်ငံခြားမှတင်သွင်းသည့်ကိရိယာပစ္စည်းများ | သတင်းများ | ဆက်သွယ်ရန် | ဗွီဒီယိုများ