လှုပ်ခါဖီဒါ
 လှုပ်ခါဖီဒါ (FEEDER)
ကြံ့ခိုင်၍ အကြမ်းစားလုပ်ငန်းများ၌အသုံးခံအောင်
ပုံစံထုတ်ထားပြီး၊ အရွယ်အစားကြီးကျောက်ပေးပို့ရန်အတွက် သင့်တော်သည်။ ကျောက်ကြိတ်စက်ရုံ၏ ကြိတ်ချေပါးစပ်ကြီးနှင့်တွဲသုံးရန်အတွက် ဖြစ်၍၊
ကျောက်ကြီးများကို 600တန်/နာရီ လက်ခံပေးပို့နိုင်သည်။ ဝီလီယမ်၏လှုပ်ခါဖီဒါစက်တွင် မြေမှုန့်အစအနများကို
ခွဲထုတ်ပစ်၍ လိုအပ်သည့်ကျောက်အရွယ်အစားကို ရွေးထုတ်ပြီးမှ မိုဒယ် WL-5442၊ WL-4230 စသည့် စက်ပါးစပ်ကြီးသို့ ပေးပို့သော ဂရီဇလီဘားချောင်းများ ပါရှိသည့်အတွက် ကျောက်ကြိတ်စက်ရုံ၏ ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေးကို တိုးမြှင့်ပေးနိုင်ကာ လိုအပ်သည့် ကျောက်အရည်အသွေးကို ရရှိစေသည်။
ပြန်ပေးပို့ကျောက်ဇလား(HOPPER) သို့မဟုတ် ကျောက်ပုံ (STOCK PILE) အတွက် ဝီလီယမ်သည် 350တန်/နာရီ ကျောက်ပေးပို့နိုင်သည့် အသေးစား လှုပ်ခါဖီဒါကို ထုတ်လုပ်ထားပါသည်။ ထို့အပြင် ၎င်းကို မော်တော်အမြန်နှုန်းထိန်းစက် (INVERTER) နှင့်အတူတွဲလျက် ကျောက်ပေးပို့မှုပမာဏကို ချိန်ညှိပေးနိုင်ပါသည်။ ထို့အပြင် ဝီလီယမ်သည် 350တန်/နာရီ ကျောက်ပေးပို့နိုင်သည့် ပီစတင်အမျိုးအစားဖီဒါကိုလည်း ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိပါသည်။



 
Copyright 2006 William Co.,Ltd. All right reserved

ပင်မစာမျက်နှာ | ကျွန်ုပ်တို့အကြောင်း | ဝီယမ်မှထုတ်လုပ်သည့်ကုန်ပစ္စည်းများ | နိုင်ငံခြားမှတင်သွင်းသည့်ကိရိယာပစ္စည်းများ | သတင်းများ | ဆက်သွယ်ရန် | ဗွီဒီယိုများ