အကျယ် 16” မှ 48” လက်မအထိ ရွေးချယ်စရာ အရွယ်မျိုးစုံ
ရှိသည်။ ကျောက်များကို 1,000 တန်/နာရီအထိ ပို့ဆောင်
ပေးနိုင်သည်။ ထို့အပြင် ဒလိမ့်တုံး၊ ခေါင်း-ဖင်စက်သီး၊
ဒလိမ့်တုံးအောက်ခံခြေထောက်၊ ခွေးသွားစိတ်ဂီယာ၊ အောက်ခံပူလီ
စက်သီး၊ ကွန်ဗေယာကိုယ်ထည်နှင့် အခြားပစ္စည်းများလဲ
ရှိပါသည်။ ဝီလီလီယမ်မှ သင်လိုအပ်သည့်ကိရိယာပစ္စည်း
အလုံးစုံကို ပြည့်စုံစွာ ထောက်ပံ့ပေးနိုင်စွမ်းရှိပါသည်။
ဥပမာအားဖြင့် |
- အသုံးပြုမှုလိုအပ်ချက်နှင့်သင့်တော်အောင် ကွန်ဗေယာကိုယ်ထည်
အရွယ်အစားအသီးသီးအပြင် ကိုယ်ထည်ပုံစံအမျိုးမျိုး
ဥပမာ အင်္ဂလိပ်အက္ခရာစီပုံစံကိုယ်ထည်၊ ထောင့်မှန်ကိုယ်ထည်၊
ယက်မတန်းဆက်ကိုယ်ထည်(TRUSS FRAME) စသည်တို့ကို ပုံစံထုတ်အကြံဥာဏ်
ပေးနိုင်သည်။ ထို့အပြင် ကျောက်ကြိတ်ခွဲစက်ရုံအတွက်
သီးသန့်ပုံစံထုတ်ထားသည့် ပြည်တွင်းနှင့်ပြည်ပမှ တင်သွင်းသော
ကိုယ်ထည်နှင့်တွဲလျက် ခါးပတ်ကြိုးများကိုလည်း ဖြန့်ဖြူးပေးလျက်
ရှိပါသည်။ |
- ခါးပတ်ကြိုးဒလိမ့်တုံးများအား သံပိုက်လုံးများကို
ဘောလ်ဘီယာရင်ခွက်နှင့်တွဲလျက် အော်တိုမစ်တစ် လျှပ်ဂဟေဆက်နည်း
သုံးလျက် ဝီလီယမ်မှ ကိုယ်တိုင်ထုတ်လုပ်ထားသဖြင့်
ကြံ့ခိုင်အကြမ်းခံ၍ ရိုက်သွင်းထည့်စနစ်သုံး အခြားခါးပတ်ကြိုးဒလိမ့်တုံး
များထက် ပို၍သက်တမ်း ရှည်ကြာပါသည်။ |
- ခေါင်းစက်သီးပူလီ၊ ဖင်စက်သီးပူလီတို့ကို
ဝီလီယမ်မှ တေပါလော့ခ် (TAPER LOCK) စနစ်သုံး၍
စက်သီးပူလီကို ဝင်ရိုးတွင် တပ်ဆင်ထုတ်လုပ်ထားသဖြင့်
ခေါင်း-ဖင်စက်သီးဖြုတ်တပ်ရာ၌ သပ်(KEY)ပုံစံထက်
ပို၍လွယ်ကူစွာ လုပ်ဆောင်စေနိုင်သည်။ ရော်ဘာအုပ်သား(RUBBER
LAGGING)ပုံစံ၊ ပန်ကာရွက်(WING TYPE) ပုံစံစသည်ဖြင့်
ဖောက်သည်များရွေးချယ်စရာပုံစံမျိုးစုံ ရှိသလို၊
ဖောက်သည်အော်ဒါအရလည်း ထုတ်လုပ်ပေးလျက် ရှိပါသည်။ |
- ဝီလီယမ်၏ VLR အပတ်လျှော့ဂီယာသည် တပ်ဆင်ရ
လွယ်ကူ၍၊ အကြမ်းခံကာ၊ အခြားအထွေထွေ အပတ်လျှော့
စက်ကိရိယာတွဲများဖြစ်သော ခွေးသွားစိတ်၊ အပတ်လျှော့ဝင်ရိုး၊
မြောင်းပူလီစက်သီး၊ ဗွီပုံစံပူလီကြိုး၊ ချိန်းကြိုးတို့ထက်
ပို၍ ကျောက်ကြိတ်စက်ရုံ၌သုံးရန် သင့်တော်ပါသည်။
မြင်းကောင်ရေအား 5-60 အားအထိရှိ မော်တာနှင့်မောင်းနှင်ရန်အတွက်
ရွေးချယ်စရာ အရွယ်မျိုးစုံ ရှိပါသည်။ |