|
|
|
|
ဝီလီယမ် ကို (1948)ခုနှစ်၌ ဘန်ကောက်၊
ဝေါ်ရကျတ်အရပ်တွင် တွင်ခုံအလုပ်ရုံသေးသေးလေးဖြင့် စတင်တည်ထောင်ခဲ့
ပါသည်။ တည်ထောင်ပြီး သိပ်မကြာခင်၌ပင် ကျောက်ကြိတ်ခွဲစက်ရုံလုပ်ကိုင်သူမှ
စက်ရုံပိုင် နိုင်ငံခြားမှတင်သွင်းလာသော ကြိတ်စက်အသွားအား
ဆောင်ယူပြ၍ ပြင်ဆင်ခိုင်းပါသည်။ ထိုအလုပ်မှစတင်၍ ဝီလီယမ်သည်
ကျောက်ကြိတ်ခွဲစက်ရုံနှင့် မိုင်းတွင်းသုံး စက်ကိရိယာများကို
အကြံပေးလမ်းညွှန်သူအဖြစ် ကျူလာလွန်ကွန်တက္ကသိုလ်မှ ကျွမ်းကျင်သူပါမောက္ခနှင့်အတူ
တွဲလျက် စတင်တီထွင်ထုတ်လုပ်လာခဲ့ပါသည်။ |
|
|
|
နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကျောက်အသုံးလိုအပ်ချက်
အဆများစွာ မြင့်တက်လာခဲ့သဖြင့် ကုမ္ပဏီ၏ တီထွင်ဖန်တီးထုတ်လုပ်မှုလုပ်ငန်းများမှာလဲ
လျင်မြန်စွာ တိုးတက်အောင်မြင်လာခဲ့ပါသည်။ |
|
|
|
(1965)ခုနှစ်၌ ကုမ္ပဏီသည် ဝေါ်ရကျတ်အရပ်မှ ဘန်ခယ်အရပ်ရှိ
မြေ (7)ရိုင်းအကျယ် ဝန်ထမ်းအင်အား (80)ရှိသော နေရာသို့
ပြောင်းရွှေ့လာခဲ့ပါသည်။ |
|
|
|
ယနေ့အချိန်တွင် ဝီလီယမ်သည် မိမိ၏လုပ်ငန်းကို စက်ရုံခွဲ
(2)ရုံအထိ တိုးချဲ့ထားပြီး ဖြစ်ပါသည်။ |
|
|
|
ပထမစက်ရုံမှာ ဘန်ခယ်အရပ်ရှိ အကျယ်မြေ(12)ရိုင်းပေါ်၌တည်ရှိသည့်စက်ရုံဖြစ်၍၊
ဒုတိယစက်ရုံမှာ လတ်လူးကဝဲအရပ်ရှိ မြေအကျယ် ရိုင်း(40)ပေါ်၌တည်ရှိကာ၊
စုစုပေါင်းဝန်ထမ်းအင်အား အယောက်(400)ခန့် ရှိပါသည်။
ထို့အပြင် ကုမ္ပဏီသည် မိမိ၏ စက်ကိရိယာပစ္စည်းထုတ်လုပ်မှုအဆင့်တိုင်း၏အရည်အသွေးပိုင်းကို
ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ သတ္တုသွန်းလောင်းစက်ရုံ
ကိုလည်း တိုးချဲ့တည်ဆောက်ထားပါသည်။ |
|
|
|
ထို့အပြင် ဝီလီယမ်သည် ဆွီဒင်နိုင်ငံမှ SANDVIK ၏
ကတော့ချွန်ကုန်းခရပ်ရှာ (ALLIS CHALMER တံဆိပ်)၊ အထက်
အောက်ထုရိုက်စက် (MERLIN)၊ အင်္ဂလန်မှ သံစစစ်ဆေးရှာဖွေမှုကိရိယာ
(ERIEZ)၊ TRELLEX အမှတ်တံဆိပ် ကွန်ဗေယာ စက်ခါးပတ်ကြိုး၊
ဂျာမဏီမှ TIP TOP စက်ခါးပတ်ကြိုးပြုပြင်မှုစက်ကိရိယာ၊
FLEXCO စက်ခါးပတ်ကြိုးဆက်ဝက်အူရစ်မူလီ (JACKSON တံဆိပ်)
နှင့် အခြားမြောက်မြားစွာသော ကျောက်ကြိတ်ခွဲစက်ကိရိယာတို့နှင့်စပ်ဆိုင်ရာ
အမှတ်တံဆိပ်များအား တစ်ဦးတည်းမူပိုင် တင်သွင်းရောင်းချခွင့်ရသည့်ကိုယ်စားလှယ်
ဖြစ်ပါသည်။ |
|
|
|
ယနေ့အချိန်တွင် ဝီလီယမ်သည် ကျောက်ကြိတ်ခွဲစက်ကိရိယာများနှင့်ပတ်သက်ပြီး
နိုင်ငံတွင်း၌ ထိပ်တန်းမှရှေ့ဆောင် နေသည့်အပြင်၊ ဝီလီယမ်အမည်အောက်
အမှတ်တံဆိပ်ဖြင့် မိမိ၏စက်ကိရိယာများကို ဂျပန်၊ သြစတြေးလျ၊
တရုတ်၊ မလေးရှား၊ လော၊ ကမ်ပူးချား၊ မြန်မာ၊ ဗီယက်နမ်
အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့လည်း တင်ပို့လျက်
ရှိပါသည်။ |
|
|
|
နှစ်(60)ကျော်ကြာအတွေ့အကြုံ၊ ခေတ်မှီသောစက်ကိရိယာ၊
ဒီဇိုင်းပုံစံထုတ်မှုအဖွဲ့ ဖော်ဆောင်ထားရှိမှုဖြင့်
ဖောက်သည် လိုအပ်ချက်ကို စွမ်းရည်ထိရောက်စွာ၊ စံနှုန်းအရည်အသွေးပြည့်မီစွာနှင့်
ပံ့ပိုးရောင်းချသလို၊ ရောင်းချပြီးနောက် ပြင်ပဆိုက်
ဝန်ဆောင်မှုများကို ကောင်းစွာထောက်ပံ့ဖြည့်ဆည်းပေးနိုင်မည်ဟု
ကျွန်ုပ်တို့မှ ယုံကြည်ပါသည်။ |
|
|
|
ဝီလီယမ်၏ကုန်သိုလှောင်ရုံများ
- (1996)ခုနှစ်၌ စရဘူရီ-ကုန်သိုလှောင်ရုံကို နားဖရလန်ရပ်ကွက်၊
ချလမ်းကိရတ်မြို့၊ စရဘူရီခရိုင်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
- (2011)ခုနှစ်၌ နခွန်စရီးထမရတ်-ကုန်သိုလှောင်ရုံကို
ဟင်းတွတ်ရပ်ကွက်၊ ရွန်းဖိဘူလ်မြို့၊ နခွန်စရီးထမရတ်ခရိုင်မှာ
ဖွင့်လှစ်ခဲ့ပါတယ်။ |
|
|
|
|
|
|
|